Posts

Showing posts from June, 2022

Angry Dad: Arcade simulator (Android/iOS)

Image
 Angry Dad: Arcade simulator (Android/iOS) Size : 65MB Game mode: offline =================================== ဒီတစ်ခါမှာတော့ Angry Dad ဆိုတဲ့ဂိမ်းလေးကိုတင်ပေးပါမယ်။ ဒီဂိမ်းထဲမှာသင်က ဘောလုံးပွဲအရမ်းကြိုက်တဲ့ ကလေးအဖေတစ်ယောက်နေရာက ကစားရမှာပါ။ ဘောလုံးပွဲကြည့်နေတဲ့အချိန်တွင်းမှာ မိန်းမကခိုင်းတဲ့ အိမ်အလုပ်တွေကို ထလုပ်ရမှာပါ။ လုပ်စရာအလုပ်တွေများလာရင် stress barက တဖြည်းဖြည်းတက်လာမှာပါ။ ဘောလုံးပွဲကြည့်နေချိန်တို့ ဘီယာသောက်လိုက်ရင်တို့ဆို stress barကပြန်လျော့သွားမှာပါ။ ဒါကြောင့်မလို့ လုပ်စရာအလုပ်တေအမြန်ထလုပ်ပြီး ဘီယာလေးကစ်လိုက် ဘောလုံးပွဲလေးကြည့်လိုက်နဲ့ stress barပြည့်မသွားအောင် ထိန်းရင်း‌ဆော့သွားရမှာပါ။ size ကလဲ 60MBကျော်ပဲရှိပြီး offline ပါကစားလို့ရတာမလို့ အပျင်းပြေစမ်း down ပြီးကစားကြည့်ကြပါအုံးဗျ။ =================================== Download link ⏬ Android (Click here) iOS (Click here) #znnks3x

End Game Union Multiplayer ( Android / iOS )

Image
 End Game Union Multiplayer ( Android / iOS ) Size : 140MB Game mode : online  ===================================   ဒီတစ်ခါမှာတော့ မြန်မာနိုင်ငံရဲ့ အမိုက်ဆုံး shooter gameလေးကိုတင်ပေးပါမယ်။ မြန်မာ developer တွေထုတ်ထားတဲ့ shooting gameကောင်းတစ်ခုဖြစ်ပါတယ်။ Graphic quality ပိုင်းကလဲတော်တော်လေးကိုကောင်းပြီး သေနတ်ပစ်ရင်ထွက်တဲ့ reflection effect တေကအစတော်တော်လေးကို details ကျပါတယ်။ မြန်မာဂိမ်းတစ်ခုဆိုပေမဲ့ Graphic ပိုင်းရော gameplay ပိုင်းရော မထင်မှတ်ထား‌ ‌လောက်အောင် တော်တော်ကောင်းပါတယ်။ 120fpsအထိလဲ supportပေးထားတာမလို့ ဆော့ရတာလုံးဝ smoothဖြစ်နေမှာပါ။ Gameplay ပုံစံကတော့ Player 10 ယောက်ပါတဲ့ Death Match မှာ First Person ကော Third Person ပါဆော့ကစားလို့ရမှာဖြစ်ပါတယ်။ Size ကလဲနဲပြီး သူငယ်ချင်းတွေနဲ့အတူ multiplayer ပါဆော့လို့ရတာမလို့ စမ်းဆော့ကြည့်ကြပါအုံးဗျ။ Developer Page = Shoot and Support  Download link ⏬ Android ( Click here) iOS Direct download link #znnks3x

Downhill Domination (PS2)

Image
Downhill Domination (PS2) Size : 587MB Game mode: offline ===================================  ငယ်ငယ်က ဂိမ်းဆိုင်တွေမှာ ဆော့ခဲ့ကြတဲ့ PS2 စက်ဘီးဂိမ်းကိုမှတ်မိကြမယ်ထင်ပါတယ်။ ဒီဂိမ်းကိုတင်ပေးဖို့တောင်းထားတဲ့သူတွေလဲရှိတာမလို့ တင်ပေးလိုက်ပါတယ်ဗျ။ AetherSX2 emulator ကိုသုံးဆော့ရမှာပါ။ ဂိမ်းကတော့ တော်ရုံတန်ရုံဖုန်း setting မချိန်ရင်တော်တော်လေးထစ်နိုင်ပါတယ်။ ဆိုတော့ ငယ်ဘဝအမှတ်တရတွေဆီ ခဏပြန်သွားချင်ရင်တော့ down ဆော့ကြည့်ကြပါအုံးဗျ။ AetherSX2 emulatorကိုplay storeမှာ downပါ။ Download link ⏬ Game file (Click here) Bios file (Click here) #znnks3x  

PES/efootball 2022 (PPSSPP)

Image
PES/efootball 2022 (PPSSPP) Size : 1GB Game mode : offline ===================================   ဒီဂိမ်းလေးကတော့ အရင်တစ်ခါတင်ပေးခဲ့တဲ့ pes 2012ကို 2022modလုပ်ထားတာပါ။ နောက်ဆူံးလူစရင်းနဲ့ဖြစ်ပြီးတော့ graphicကလဲ textureထည့်ထားတာမလို့ ရိုးရိုး originalထက် ပိုကောင်းပါတယ်။ ဖလားပွဲအစုံလဲကန်လို့ရပါတယ်။ အသင်းlogoတွေလဲမှန်ပါတယ်ဗျ။ Play storeက efootball 2022ကို‌ ဆော့ရတာပျင်းနေတဲ့သူတွေဆော့ကြည့်ဖို့တင်ပေးလိုက်ပါတယ်။ Graphicကတော့ နဲနဲသီးခံရမယ်ဗျ။ Mod versionဖြစ်တာမလို့ errorလေးအနည်းငယ်တော့ရှိပါတယ်။ Fileထည့်နည်း video⬇️ https://youtu.be/CTi-w-_vSQw ⚠️သူ့ထဲကအတိုင်းသေချာလေး လိုက်လုပ်ပါ။ =================================== Download link ⏬ Game file (Click here) Textures Camera pack (Click here) #znnks3x  

God of War Ghost of Sparta (PPSSPP)

Image
  God of War Ghost of Sparta (PPSSPP) Size :1GB Game mode : offline =================================== ငယ်ငယ်က ဂိမ်းဆိုင်တွေမှာ ဆော့ခဲ့ကြတဲ့God of War ကိုမသိတဲ့သူမရှိသလောက်ပါပဲ။ မရိုးနိုင်အောင်ကောင်းတဲ့ တော်တော်လဲလူကြိုက်များပြီး အတော်လေးအောင်မြင်ခဲ့တဲ့ God of warကို ဒီနေ့မှာတော့ PPSSPPနဲ့ ဖုန်းပေါ်မှာဆော့ဖို့ တင်ပေးလိုက်ပါတယ်။ *မလုပ်တတ်ရင် ဒီ videoကိုကြည့်ပါ။ Fileဖြည်နည်း video⬇️ https://youtu.be/2E3u0F-_mHY Download link ⏬ Click here #znnks3x

Rebel Racing (Android/iOS)

Image
 Rebel Racing (Android/iOS) Size : 775MB Game mode : online ===================================   Rebel Racing ဆိုတဲ့ဒီဂိမ်းလေးကတော့ Graphicကောင်းကောင်းနဲ့ ဆော့ရမယ့် racing ဂိမ်းတစ်ခုပါ။ Controlတွေကလဲ အရမ်းရှိးရင်းပါတယ်။ ကားကို Updateတွေလုပ် ကားအသစ်တွေရအောင်လုပ်ရင်း ဆော့ရမှာပါ။ Gameplayကလဲ physicsပိုင်းကို realistic ဆန်ဆန်လုပ်ထားတာတွေ့ရမှာပါ။ အားနဲ့ချက်အနေနဲ့ကတော့ တစ်ပွဲနဲ့တစ်ပွဲ မောင်းရတာ အရမ်းတိုတာ၊ ဆော့တာကြာလာရင် P2W ဆန်တယ်လို့ခံစားရတာမျိုးတော့ရှိနိုင်ပါတယ်။ =================================== Download link ⏬ Android( play store)-  Click here Tap Tap-  Click here iOS - Click here #znnks3x

Bus Simulator Ultimate(Update)(Android/ iOS)

Image
 Bus Simulator Ultimate(Update)(Android/ iOS) Size : 1.6GB Game mode : online  ===================================    Truck Simulator ဂိမ်းတွေက အပြိုင်အဆိုင် ဂိမ်းအသစ်တွေထုတ်၊ updateတွေပေးနေပေမဲ့ bus simulator gameတွေကတော့ ရွေးချယ်စရာနဲနေပါတယ်။ ဒီထဲကမှတော်တော်လေးဆော့လို့ကောင်းတဲ့ Bus simulator ultimateကတော့ updateထပ်ထွက်ရှိလာပါပြီ။ Busကားအသစ်တွေ လဲဝင်လာပြီး featureတွေလဲပိုမိုစုံလင်လာပါတယ်။ Graphicကလဲအရင်ကထက်ပိုကောင်းလာပါတယ်။ ‌မိုးရွာတဲ့အချိန်ဆို ကားမှန်မှာရေငွေ့တေရိုက်လာပြီး ACဖွင့်မှ ရေငွေ့ပျောက်တာ စသဖြင့်ပိုစုံလာပါတယ်။ အရင်ကလို ကားရပ်တဲ့နေရာရောက်ရင် ခရီးသည်တွေ မတက်တာ ဘာညာစတဲ့ errorတွေကိုလဲပြင်ပေးထားတယ်လို့ပြောထားတာမလို့ ပိုပြီးဆော့လို့ကောင်းသွားမှာပါ။ #znnks3x =================================== Download link ⏬ Android (Click here) iOS(Click here)

Shadow of Death:Dark Knight(Android/ iOS)

Image
Shadow of Death:Dark Knight(Android/ iOS) Size : 160MB Game mode : offline ===================================  ဒီနေ့မှာတော့ play storeမှာ freeပေးနေတဲ့ RPG ဂိမ်းလေး‌တစ်ခုကိုတင်ပေးပါမယ်။ ဂိမ်းကတော့ 2D graphicနဲ့ဆိုပေမဲ့ သူ့ရဲ့ skill effectတွေက ကြည့်လို့ကောင်းပါတယ်။ RPGဆိုတဲ့အတိုင်း ကိုယ့် skillတွေ upgradeလုပ် Weaponတွေ Armorတွေကို upgradeလုပ်ရင်း ဆော့သွားရမှာပါ။ sizeကလဲ 100mbကျော်ဝန်းကျင်ပဲရှိပြီး offlineလဲဆော့လို့ရတာမလို့ အပျင်းပြေဆော့လို့ကောင်းမဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ 1295MMKကနေ freeပေးထားတဲ့ဂိမ်းတစ်ခုဖြစ်တာမလို့ အရမ်းဈေးကြီးတဲ့ဂိမ်းတော့မဟုတ်ပေမဲ့လဲ freeရတုန်းသွား downထားလိုက်ကြပါအုံး။ Play storeမှာလဲ rating 4.7အထိရရှိထားပါတယ်။ =================================== Download link ⏬   Android (Click here) iOS(Click here)