Posts

Showing posts from August, 2022

Truck Simulator Ultimate(Update)(Android/iOS)

Image
 Truck Simulator Ultimate(Update)(Android/iOS) Size : 1.3GB Game mode : online =================================== Truck Simulator Ultimate က update အသစ်ထပ်ထွက်လာပြီဖြစ်ပါတယ်။ ဒီ update မှာ DLC modeအသစ်ပါဝင်လာတာပဲဖြစ်ပါတယ်။ DLCထဲမာကိုယ်ကြိုက်တဲ့ mod တွေကို download ဆွဲပြီးဆော့လို့ရမှာဖြစ်ပါတယ်။ ဥပမာ ဂိမ်း company ကနေပြီးတော့‌ လောလောဆယ်BMW, Mercedesနဲ့ အခြား ကားလေး တစ်စီး ထည့်ပေးထားပါတယ်။ အဲ့တာကို download ဆွဲပြီးဆော့လို့ရသလို ကိုယ့်ဘာသာလုပ်ပြီးပဲဖြစ်ဖြစ် အခြားသူတွေလုပ်ထားတဲ့ဟာကိုပဲဖြစ်ဖြစ် download ဆွဲပြီးဆော့လို့ရတော့မှာဖြစ်ပါတယ်။ DLCထည့်နည်းမသိရင် ဒီvdလေးကိုကြည့်ပါ။ (Vd link in cmt) =================================== Download link ⏬ Android (Click here) iOS (Click here) #znnks3x

Bus Simulator Indonesia (Android)

Image
 Bus Simulator Indonesia (Android) Size : 870MB Game mode : online/offline ===================================   Bus Simulator Indonesiaကတော့ အချိန် 1နှစ်‌ကျော်လောက်ကြာပြီးတဲ့နောက်မှာ updateထွက်လာပါပြီ ။ BUSSIDဆိုတဲ့ ဒီဂိမ်းလေးကို bus simulator game တွေဆော့တဲ့သူတိူင်းသိကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက် update မှာ တော်တော်များများပြောင်းလဲလာတာတွေ့ရပါတယ်။ Graphic quality ကလဲ တော်တော်လေး ကောင်းလာပါတယ်။ ဒါ့အပြင် Modsတွေလဲထည့်ဆော့လို့ရပါသေးတယ်။ Tour Mode ဆိုတဲ့ modeအသစ်လဲပါလာပြီးတော့ tour modeမောင်းမယ်ဆိုရင် ရိူးရိူးမောင်းတာထက် ပိုက်ဆံပိုရမှာပါ။ လမ်းအသစ်တွေအများကြီး ပါလာပြီး လမ်းတွေကလဲ တော်တော်လေးကိူမိုက်တာမလို့ တော်ရုံပျင်းရမှာမဟုတ်ပါဘူး။ Bus simulator ဂိမ်းတွေဆော့ရတာကြိုက်တဲ့သူတွေအတွက်ကတော့ အတော်လေးမိုက်တဲ့ update ပဲဖြစ်ပါတယ်။ =================================== Download link ⏬ Android (Click here) #znnks3x

MORTAL KOMBAT: A Fighting Game(Android/iOS)

Image
  MORTAL KOMBAT: A Fighting Game(Android/iOS) Size  : 1.5GB Game mode : online =================================== Mortal Kombat ဆိုတာတဲ့ ငယ်ငယ်ထဲကဂိမ်းဆိုင်မှာဆော့ဖူးခဲ့တဲ့ ps2ကိုတန်းသတိရကြမှာပါ။ အားလုံးကြိုက်ခဲ့ကြတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး အတော်လေးအောင်မြင်ခဲ့တဲ့ဂိမ်းတစ်ခုလဲဖြစ်ပါတယ်။ အခုတင်ပေးမှာကတော့ mobile တွက်ထုတ်ထားတဲ့ ဂိမ်းလေးပဲဖြစ်ပါတယ်။ Mobile version မလို့ emulator တွေဘာတွေခံဆော့စရာလဲမလိုပါဘူး။ ဒါပေမဲ့ဒီဂိမ်းက ငယ်ငယ်ကလို storyနဲ့တော့မဟုတ်ပါဘူး။ ဟိုဘက်ဒီဘက် ချရမာဖြစ်ပြီး အစကတော့ offline ဆော့လို့ရပေမဲ့ ခုနောက်ပိုင်း online ဖြစ်သွားပါပြီ။ Charactersတွေလဲအများကြီးပါဝင်ပြီး Graphic ကလဲအတော်လေးကို ကောင်းမွန်ပါတယ်။ ချတဲ့အခန်းတွေမှာ အူတွေထွက်ကျတာ ကလီစာတေထွက်ကျတာ အရိုးတေကျိုးတာတွေကအစ details ကျကျ မြင်ရမှာပါ။ ဆိုတော့ဒီဂိမ်းကောင်းလေးကိုလဲ down ဆော့ကြည့်ကြပါအုံးဗျ။ =================================== Download link ⏬ Android (Click here) iOS (Click here) (Play store မှာ Myanmar region နဲ့ဆိုရင် down လို့မရတာမလို့ APKPure link ထည့်ပေးလိုက်ပါတယ်) #znnks3x

Ben 10 Ultimate Alien Cosmic Destruction (PPSSPP)

Image
  Ben 10 Ultimate Alien Cosmic Destruction (PPSSPP) Size : 479MB (zip) Game mode : offline =================================== ဒီ Ben 10ဂိမ်းလေးကို ငယ်ငယ်က တော်တော်များများဆော့ဖူးကြမယ်ထင်ပါတယ်။ ဒီဂိမ်းကိုမဆော့ဖူးရင်တောင် Ben 10 ဆိုတာနဲ့ ငယ်ငယ်ထဲက အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ 2010 October မှာထွက်ရှိခဲ့တာဖြစ်ပြီး Xbox 360, PlayStation 3, PlayStation 2, Wii, Psp နဲ့ Nintendo DS စတဲ့ platform တွေအတွက်ထွက်ရှိခဲ့ပါတယ်။ Ben 10 game တွေထဲမှာမှ ဒီဂိမ်းကအတော်လေးလူသိများခဲ့တာလဲဖြစ်ပြီး ခုချိန်ထိလဲဆော့လို့ကောင်းဆဲဖြစ်ပါတယ်။ ဒါကြောင့် ငယ်ဘဝရဲ့အမှတ်တရတွေဆီပြန်သွားနိုင်ဖို့ ဒီဂိမ်းလေးကိုပြန်တင်ပေးလိုက်ပါတယ်။ =================================== Download link ⏬ PPSSPP (Click here) ⏩Psw- yours_vikash_ben (Bill သမားတွေလဲdownရတာအဆင်ပြေအောင် zip file က400 mbကျော်ထိ ချုံထားပေမဲ့ down ပြီးလို့ zipဖြည်လိုက်ရင် 1GBကျော် နေရာယူမှာပါ။) #znnks3x

Rocket League Sideswipe (Android/iOS)

Image
  Rocket League Sideswipe (Android/iOS) Size  : 795MB Game mode: Online =================================== Rocket league Sideswipe ဆိုတဲ့ဒီဂိမ်းလေးကတော့ Pcရဲ့နာမည်ကြီး eSports ဂိမ်းတစ်ခုဖြစ်တဲ့ Rocket League ကနေ mobile တွက်ထုတ်ပေးထားတဲ့ ဂိမ်းလေးဖြစ်ပါတယ်။ 2021Novemberမှာ mobileပေါ်ကိုရောက်လာခဲ့တာဖြစ်ပြီး mobile မှာတော့ sideswipe ဆိုတဲ့အတိုင်း ဘေးတိုက် viewနဲ့ဆော့ရမှာပါ။ ထွက်ခါစတုန်းက ဘေးတိုက် viewနဲ့ဆိုတော့ အမှန်တိုင်းပြောရရင် အားမရဖြစ်မိပေမဲ့ တကယ်တမ်းဆော့ကြည့်တဲ့ အခါကျ တော်တော်လေးကိုဆော့ကောင်းတာ တွေ့ရပါတယ်။ 1 v 1 အပြင် 2 v 2လဲဆော့လို့ရပါတယ်။ ဆော့ရတာအတော်လေးပျော်စရာကောင်းပြီး သူငယ်ချင်းနဲ့အတူ ချိတ်ဆော့ရင် ပိုပြီးပျော်ဖို့ကောင်းမာပါ။ Gameplay ကတော့ ကားကို control လုပ်ပြီး ဘောလူံးကို ဂိုးဝင်အောင်ကန်ရတာမျိုးပါ။ ဒီဂိမ်းအကြောင်းကို video တစ်ခုမှာထည့်ပြောဖူးပါတယ်။ Gameplay ကိုသေချာရှင်းရှင်းလင်းလင်းသိချင်ရင် ဒီမာဝင်ကြည့်လို့ရပါတယ်ဗျ။ ⏩ Download link ⏬ Android (Click here) iOS (Click here) #znnks3x

Demolition Derby 2 (Android/iOS)

Image
 Demolition Derby 2 (Android/iOS) Size : 150MB Game mode : offline =================================== ဒီတစ်ခါမှာတော့ ကားတစ်စီးနဲ့တစ်စီး လိုက်တိုက်ရတာကြိုက်တဲ့သူတွေအတွက် Demolition Derbyဂိမ်းလေးတစ်ခုကိုတင်ပေးပါမယ်။ Demolitionဂိမ်းတွေအများကြီးထဲကမှ ဒီဂိမ်းက  အတော်လေးလူကြိုက်များတာတွေ့ရပါတယ်။ ကာတစ်စီးနဲ့တစ်စီး ပျက်စီးတဲ့အထိလိုက်‌တိုက်ရမှာဖြစ်ပြီး နောက်ဆူံးကျန်တဲ့ကားက အနိုင်ရမှာပါ။ ( Cars 3ထဲမှာ McQueen ရောက်သွားတဲ့ ပြိုင်ပွဲမျိုးနဲ့ဆင်ပါတယ်။) ဒါ့အပြင် game mode တွေကလဲအများကြီးပါပါတယ်။ Size ကလဲနဲနဲ offline လည်းဆော့လို့ရ၊ multiplayer လဲရတဲ့အပြင် controller နဲ့လဲဆော့လို့ရတယ်ဆိုတော့ တော်တော်လေးမိုက်ပါတယ်။ ဂိမ်းလေးက 2017ကထွက်ရှိခဲ့တာဖြစ်ပြီး ခုချိန်ထိ update တွေပေးဆဲဖြစ်ပါတယ်။ =================================== Download link ⏬ Android (Click here) iOS (Click here) #znnks3x